Thursday, December 30, 2010

Information Flow Management


           ကျနော်တို့IT သမားတွေပဲ ၊ Information ဘယ်လောက် အရေးကြီးတယ် ဆိုတာပြောစရာမလိုဘူး။အားလုံးနားလည်သဘောပေါက်နေမှာပါ။ သည်နေ့ ကျနော်က အဲ့သည် Informationကို နည်းနည်း သရုပ်ခွဲပြချင်ပါတယ်။
           Information တခုဆိုတာ အသက်ရှိတယ်ဗျ။ ကျနော်တို့ သက်ရှိတွေလိုပဲ သူ့မှာလည်း အသက်ရှိတယ်၊ အချိန်နဲ့တပြေးညီ ဖြစ်ရန်လိုတယ်ပေါ့။ ဥပမာ။ ကျနော်တို့ FECဈေးတက်မယ်ဆိုတဲ့Informationကို၁လလောက်ကြိုရတယ်ဆိုပါတော့။ဘာလုပ်ကြမလဲ?ရှင်းပါတယ် လက်ရှိပေါက်ဈေးနဲ့ ရသလောက်စုဝယ်ထားမှာပေါ့ ၊ နော့် တက်မယ်ဆိုတာ သေချာသိနေတာပဲဟာ။OK, တစ်ပါတ်လောက်ကြိုသိရင်တောင်မှ ပြင်ဆင်လို့ရပါသေးတယ် ၊ လုပ်ငန်းအရွယ်အစားပေါ်မှာတော့မူတည်တာပေါ့။
           ကောင်းပြီ တကယ်လို့သာ မနက်ဖြန် FECဈေးကြိမ်းသေတက်မယ်ဆိုတာ သည်နေ့ည၁၀နာရီလောက်မှာ သိရင် ။?? သည် Informationကတန်ဖိုးရှိနိုင်ပါတော့မလား။ သည်လို အချိန်တခုသာမကဘူး ။Informationဆိုတာ အောက်ပါ criteriaတွေနဲ့လည်း ပြည့်စုံရပါတယ်။
1.  Criteria of Information
        1.1 Cost Advantage- Businessမှာ Information ၀ယ်ရပါတယ် ၊Market information, competitor informationကအစ stock share informationအဆုံး ၀ယ်ယူနေရပါတယ် ၊journal၀ယ်ပြီး ဖတ်တာကအဆုံး information၀ယ်ယူနေတာပဲပေါ့။ Cost Advantageဖြစ်ရမယ်ဆိုတာ သည်informationကိုဝယ်ပြီး တခုခုသောactionကို ပြုလုပ်မယ်ဆိုရင် သည်actionအောင်မြင်မှရမယ့်အမြတ်ထက်ပိုပြီး costကျသင့်မယ်ဆို သည်informationက တန်ပါတော့မလား၊ထုတ်မယ့် Product က target ထိလို့ ရမယ့်အမြတ်ကမှ သိန်း၁၀၀လောက် ၊ information၀ယ်ရင်ကုန်မယ့် cost က သိန်း၂၀၀လောက် ။ကဲ ၀ယ်မလား???
          1.2 Accuracy- ဟုတ်တယ် တိကျရပါမယ် ။မတိကျတဲ့informationဘာလုပ်မှာလဲ။ ပြိုင်ဘက်companyတခုခုကကိုယ့်ကိုလိုက်မလုပ်စေချင်လို့figureအမှားတွေပေးထားတာမျိုးinf:ကို ယုံပြီး သည်market segmetကိုရှောင်လိုက်ရင် ကိုယ်ပဲနစ်နာရမှာပါ၊ quantitative ရောqualitativeကိုပါမျှတစွာစဉ်းစားဖို့လိုပါတယ် ၊qualitativeလိုမျိုး တိုင်းလို့ မရနိုင်မယ့် informationတွေဆို Physical evidence ကောင်းကောင်းရှာထားပေတော့။ ဥပမာ morale, motivation, commitment ဆိုတာတွေဘယ်လိုတိုင်းမလဲ။ PBC(Personal Business Commitment)ဆိုတာ တကယ်တော့ ကျနော်တို့ ဆီက commitmentကို  physical evidenceအနေနဲ့ စစ်တမ်းကောက်ယူတာပါ(PBCကိုကျနော်က Performance-Based Contract) ဆိုပြီး ရိထားဖူးတယ် (သွားမပြောနဲ့နော်)
        1.3 Time- ဒါကိုတော့ ကျနော် အထက်မှာဆွေးနွေးခဲ့ပြီးပါပြီ။
          1.4 Security- ဟုတ်ပါ့ဗျာ ။ ဒါအရေးကြီးတာပေါ့ ။တခြား informationမပြောနဲ့ ကိုယ့် HRinformation, Financial ကို တခြားcompanyမသိဖို့လိုတယ်ဟုတ်? နောက် ပြီး အပြင်ကလာတဲ့ informationကိုလည်း သူများထက်ဦးချင်ရင် ၊ သူများမသိသေးတာ မျိုးသိမယ်ဆိုရင် security ကအလွန် အရေးပါ ပါတယ်။အားလုံးသိတဲ့ လျှို့ဝှက်ချက်ဆိုတာမျိုးဖြစ်နေတဲ့informationကနေဘာများရနိုင်မှာမို့လို့လဲ
           ဘာကြောင့်သည်နေ့ခေတ်တွေမှာ Information Flowကပိုအရေးကြီးလာသလဲ??? တကယ်တော့ စီးပွားရေးမှာ ခုလိုမျိုး Orientiationsတွေ ဆင့်ကဲပြောင်းလဲလာခဲ့ပါတယ်

2.  Orientation Changes
   Product Orientation
   Production Orientation
   Sale Orientation
   Marketing Orientation
           Product Orientitaion ဆိုတာကProductကိုပဲဦးစားပေးပြီး ထုတ်ခဲ့ကြတဲ့ခေတ် ကိုပြောတာပါ။ ကမ္ဘာ့ပထမဦးဆုံးကားထုတ်လုပ်သူ Ford ဟာ ကားတွေကို Model တစ်မျိုးတည်း၊အရောင် တစ်ရောင်တည်းထုတ်ခဲ့တဲ့ခေတ်ကပေါ့ ။Coca Cola လို Company မျိုးတောင်  1World 1Cola ဆိုတာမျိုးကြွေးကျော်ပြီးထုတ်ခဲ့တဲ့ခေတ်ပါ ၊ပြိုင်ဘက်တွေ မရှိသေးသမျှတော့ သည်စနစ်ဟာအောင်မြင်ခဲ့သည်ပေါ့။ ပြိုင်ဘက်တွေများလာတဲ့ အချိန်မှာတော့ competitive advantage ရဖို့အတွက်စနစ်ပြောင်းရပါတော့တယ် ။
           ဒါဟာ Production Orientiation ခေတ်ကိုပြောင်းလဲခဲ့ပါတယ် ၊ခုရေများများ ထုတ်ခြင်းအားဖြင့် piece per cost ကျတယ် အောက်ဈေးနဲ့ရောင်းနိုင်တယ် ၊economy of scaleရတယ်ဆိုတဲ့အယူအဆနဲ့ productများများထုတ်ခဲ့ကြတဲ့ခေတ်ပါ၊များများထုတ်တယ် ပေါပေါရောင်းတယ် ၊ ok.၀ယ်သူဘက်ကလည်းဈေးချိုရင်ဝယ်တယ် ။ သည်လို ခေတ်မျိုး ရှိခဲ့တာပါ ၊ entrepreneur တချို့က ခေတ်ပြောင်းတော်လှန်ရေးအနေနဲ့ ဘယ်လို အသွင်ဆောင်လာခဲ့ကြသလဲဆိုတော့ quality ကောင်းအောင်လုပ်မယ် သူများထက် ပိုကောင်းအောင်လုပ်မယ် အဲ ဈေးတော့နည်းနည်းပိုပေးရမယ်ဆိုတာမျိုးနဲ့ differentiation နဲ့ niche ကိုစတင်ခဲ့ပါတယ် ၊ အဲ့သည်မှာ ခေတ်ပြောင်းလာပါတယ် ၊customerဆိုတာ အရင်ကလို  ဈေးပေါသမျှဝယ်တဲ့ ခပ်ညံ့ညံ့တွေမဟုတ်တော့ဘဲ ရွေးချယ်တတ်လာပါတယ် ပိုကောင်းတာကို တောင့်တတတ်ပြီးအဲ့သည်နောက်ကိုလိုက်ကြပါတော့တယ်။
           နောက်ပိုင်းမှာ Sale Orientation(Selling)တစ်ခေတ်ဆန်းပါတော့တယ်။SaleForce
တွေဆိုပြီးတော့ channel ထဲကို သွပ်သွင်းပြီးရောင်းခိုင်းပါတော့တယ် ၊အဲ Promotionတွေ Discountနဲ့LuckyDrawတွေသည်မှာမွေးလာခဲ့တာပေါ့။(သည်နေရာမှာပြောစရာရှိတာသည်က လူအများစုက Marketing ဆိုရင် အထက်က ၃ခုကိုလုပ်တယ်လို့ပဲမြင်နေကြတယ် တကယ်တော့ Marketing ဆိုတာ အဲ့ဒါတွေထက်ပိုပြီး ကြီးကျယ်ပါတယ် Branding , CRM နဲ့ PR ဒါတွေပါဝင်ပါတယ် Sale Promotor သက်သက်အနေနဲ့marketingကို သည်မှာ အသုံးချနေတာတော့ ၀မ်းနည်းဖို့ကောင်းပါသည်။)
           အဲသည်မှာ Sell Ice to Eskimo ဆိုတဲ့အဆိုအမိန့်မျိုးပေါ်လာပါတယ် ၊Sales က ညာပြီးရောင်းရင်တောင် ရောင်းရရင်ပြီးရော ရောင်းကုန်ရင်ပြီးရောဆိုတာမျိုးအထိ အစွန်းရောက်လာပါတယ်။ဥပမာစီးကရက်သမားတွေကို ၁နေ့ ၁ဗူးကနေ၂ဗူးသောက်အောင် ။ မသောက်တတ်တဲ့သူတွေကိုသောက်တတ်လာအောင် တခြား တံဆိပ်သောက်တဲ့သူတွေကို ကိုယ့်ဘက်ကိုပါလာအောင်BusinessEthicမကိုက်တာမျိုးတွေတောင်လုပ်ဆောင် လာကြ ပါတယ်။
           နောက်ဆုံးတော့Marketing Orientiationကိုပြောင်းလာကြပြီ.  Customer Relationship Management , Customer Education, Three Bottom Line နဲ့ Evangelismဆိုတာတွေကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လာကြပြီဖြစ်ပါတယ် ။ “not selling a product selling a dream” ဆိုတာမျိုးလည်းပြောလာကြပါတယ်။အရင်လို ညာရောင်းတာမျိုး ၊ဖိရောင်းတာမျိုး နောက်ပြီး Ethicမညီတာမျိုးတွေမလုပ်တော့ဘဲ Information ကိုbase ထားပြီး competitive advantage ရအောင်ဆောင်ရွက်လာပါတယ် ၊ (ITခေတ်ပြောင်းတော်လှန်ရေးကလည်းအရေးပါတဲ့အလှည့်အပြောင်းတစ်ခုဖြစ်စေတာပေါ့..)           Inforamtionကိုင်ထားနိုင်တဲ့သူဟာ marketထဲမှာ စားရတာပဲလေ၊ ဥပမာ ကျနော်တို့ ရန်ကုန်မြို့မှာ လူလတ်တန်းစားအမျိုးသမီးသုးံ T-Shirts တွေထုတ်မယ်ဆိုရင် ရန်ကုန်မြို့လူဦးရေ  .အမျိုးသမီးဦးရေ .ပျမ်းမျှဝင်ငွေ Fashion Preference, Color Prefernece ၊နောက်ပြီးအသက်အပိုင်းအခြား ဒီinformationတွေရရှိမှဖြစ်ပါလိမ့်မယ် ၊ရမ်းလုပ်မလို့လား ၊ သွားမှာပေါ့ဗျာ .. ဟုတ်တယ်ဟုတ် businessဆိုတာ probability ရှိမှစွန့်စားသင့်တာလေuncertaintyကိုစွန့်စားမလို့လား။            ကဲထားပါတော့ ..ကိုရီးယားဖက်ရှင်ခေတ်ရောက်နေတယ်ဆိုပြီး ကိုရီးယားစတိုင် ဆိုပြီးထုတ်မလို့လား ၊ အင်း.. ဘာမှန်းမသိဘဲ ရမ်းထုတ်တာထက် စာရင်တော့မဆိုးပါဘူး။ သို့သော် တခြားသူတွေကလည်း သည်လိုပဲလုပ်စားနေကြတာပဲကော… သူတို့က အရင်ဝင်တဲ့ သူတွေလေ .. channel ထဲမှာ သူတို့ကအရင်ရောက်နေတာ။(ဥပမာ giordano အစ tri တို့ stepတို့အဆုံးပေါ့). ဟုတ်တယ်နော်..ခင်ဗျားဘယ်လို competative advantage ရနိုင်မလဲ..        ကောင်းပြီ လွယ်လွယ်လေးပါ အောက်ကြေးနဲ့ဖိုက်မယ်လို့ ပြောမလို့လား ။ အဲလိုတော့ ကိုယ့်ကိုကိုယ်သတ်မသေပါနဲ့လို့တိုက်တွန်းပါရစေ/ pricingဆိုတာနောက်ဆုံး လက်နက်ဖြစ်ပါတယ် နောက်ဆုံးမှသုံးဖို့ထားပါ။
           အဲလိုမျိုးဆို မသေချာတာလည်းမလုပ်ဘူး ၊ အရှုံးခံပြီးလည်းမစချင်ဘူး၊ ကဲ ဘာလုပ်မလဲ အရှုံးခံစမယ့်အစား informationကောက်မယ်ဗျာ ။စစ်တမ်းတို့ဘာတို့လုပ်မယ်။ ကိုယ်တိုင်မလုပ်ချင်တောင်inf:ကောက်တဲ့အဖွဲ့တွေအပ်မယ်ဗျာ။အတိုင်းအတာတခုလောက်ထိ လုပ်ထားတဲ့ informationရလာပြီဆိုရင် အဲ့သည်အပေါ်မှာ new product development လုပ်ရတော့မှာပေါ့(NPD သည် သီးခြား topic တစ်ခုဖြစ်သောကြောင့် ချန်လှပ်ခဲ့ပါသည်။)
           အဲ့သည်informationခေတ်ရောက်လာပြီဆိုတာကို Mgmtလုပ်နိုင်မယ့် tool တစ်ခုမိတ်ဆက်ချင်ပါတယ်..
3.1 Information Flow Mgmt Model
           တကယ်တော့ သည် Model တခုတည်းရှိတာမဟုတ်ပါဘူး။သည်Modelကတော့ fundamental အဖြစ်ဆုံးနဲ့ နားလည်ရအလွယ်ဆုံးတော့ ဖြစ်ပါတယ်။
           သည်ပုံကဘာပြောလဲဆိုတော့ တဖက်မှာ ပတ်ဝန်းကျင်ကရမယ့် informationရှိပြီး ကျန်တဖက်မှာတော့သည်informationကိုလိုက်ပြီးactionplanဆောင်ရွက်နိုင်မယ့်Managersတွေရှိပါတယ် ၊(ဒါမှမဟုတ် middle level managementပေါ့)
Fig.3.1
           Information flow ကို သည်အတိုင်း ဘာမှprocessing မလုပ်ဘဲ တိုက်ရိုက် သွားလို့မရနိုင်ဘူးဆိုတာကိုပြောချင်တာပါ ၊ ဥပမာ Recruitmentအတွက် စစ်တဲ့စာမေးပွဲ အဖြေလွှာတွေကို GMဆီ တိုက်ရိုက်မပေးဘဲ အရင်ဆုံး အမှတ်ခြစ်မယ် ၊ စာရင်းသွင်းမယ် Listထုတ်မယ် ပြီးတော့နောက်ဆုံးမှ ပို့ပေးတယ်မဟုတ်လား ။သည် Processingတွေမလုပ်ဘဲ တိုက်ရိုက် information flow သွားလို့မရဘူးဆိုတာကိုပြောတာပါ။နောက်တစ်နည်းပြောရရင် customer survey အရွက် ၁၀၀၀ရှိတယ်ဆိုရင် ၁၀၀၀စလုံးကို manager စားပွဲပေါ်သွားတင်ပေးလို့မရဘူးဆိုတာကိုပါ။

Fig3.2
           ပထမအဆင့်အနေနဲ့Marketing Research နဲ့Marketing Intelligence ဆိုတာမျိုးဝင်လာပါပြီ။ Mke Researchမှာ survey လို ကိစ္စမျိုးပါဝင်ပြီး questionnaires တွေ အတိအကျ မေးမြန်းထားတဲ့ formတွေပါဝင်ပါတယ် ၊ (ကျနော်တို့ ကျောင်းအပ်တဲ့အခါမှာ ဖြည့်ရတဲ့ enroll fromမျိုးတွေပေါ့.) Mkt Intel မှတော့ questionnaires တွေအတိအကျမပါတော့ပါ quantative values တွေကို တိုင်းတဲ့အဘောပါ 
           အဲ့သည် motor ၂လုံးနဲ့ environemt က information ကိုစုပ်ယူပါတယ် . နောက်ပြီးတော့ သည်၂ပိုင်းဟာ ဖြတ်သန်းစရာအဆင့်တွေရှိနေပါသေးတယ်။


          

Fig.3.3
           သည်အဆင့်(Fig.3.3) ဟာ tool၂ခုကိုသုံးပြီး data progressingကို အဆင့်ဖြစ်ပါတယ်။Internal Recordsဆိုတာယမန်နှစ်တွေကrecordsတွေအကြောင်းတို့ ရုံးတွင်း(internal environamet )ကရတဲ့ HR တို့ Finance တို့ နဲ့ဆက်စပ်တဲ့ data တွေဖြစ်ပါတယ်။နောက်ပြီး MR, MIကရလာတဲ့ data တွေကို Internal Record Systemထဲကိုထည့်ပါတယ်
           Data Analysis ဆိုတာကတော့ Decision Support အတွက် လိုအပ်သလို Table ဖွဲ့တာတွေ Graph ဆွဲတာတွေ အမျိုးမျိုးလုပ်ဆောင်ရတဲ့stage ဖြစ်ပါတယ် ၊
           သည်အဆင့်ဆို decision making သမားတွေဆီ data flow ဖြစ်ဖို့တော်တော်လေး အသင့်ဖြစ်နေပါပြီ။ သည်နေရာမှာ ကျနော်တို့ တံတား၂စင်းခင်းဖို့လိုပါတယ် တခါတလေမှာ ၂စင်းစလုံး တပြိုင်တည်း ခင်းဖို့ မလိုအပ်တတ်ပါဘူး ။အခြေအနေအရပေါ့…

Fig.3.4
           ပထမတံတားကတော့ managers တွေဆီကနေ IR ကိုဘာinformation လိုချင်တယ်ဆိုပြီးတောင်းခံတာပါ .(သည်မြားပဲ backward သွားနေပါတယ် ) (one-way bridge ပေါ့လေ)
           Managerတွေဆီကို Disseminate လုပ်တယ်ဆိုတဲ့ တံတားကိုဖြတ်ပြီး information ကိုစီဆင်းစေပါတယ် ၊သည်အဆင့်မှာ dataတွေကို ခွဲခြမ်းစိတ်ဖြာတာတွေ ပြန်စီတာမျိုးတွေ ၊ ပေါင်းထည့်တာတွေ အကုန်လုပ်ရပါတယ် ။ဘာကြောင့်လဲဆို ဘယ်သူတောင်းတာလဲ? ဘာတောင်းတာလဲ? နောက် ပြီး ဘာပဲပေးရမလဲဆိုတာမျိုးကအရေးကြီးလို့ပါပဲ။ဥပမာ ၊ Marketing Dep; managerက ကုန်ကြမ်းဈေးတက်တဲ့ကိစ္စရဲ့ Detail ကိုသိချင်မှာ မဟုတ်ပါဘူး ၊သူ့စားပွဲပေါ်ကိုသာ (Rubber ဈေး နှစ်အလိုက်ပြောင်းလဲမှုဇယား သာတက်သွားလို့ကတော့ ခင်ဗျားအဆဲခံဖို့သာပြင်ထားပေတော့)။ တခါတလေမှာတော့ အသေးစိတ်မဟုတ်ပေမယ့်brief accountတော့လိုချင်လိုအပ်မယ့် အခြေအနေမျိုးရှိပါတယ်၊ (company အလိုက်ကွာခြားမှာပေါ့ဗျာနော့်)
Fig.3.5
           ကဲ ကျနော်တို့ IT Field နဲ့ဆိုင်တာပြန်ပြောရအောင် . အခု ရောင်ပြောင်းပြီးပြထားတဲ့ အနီရောင် လေးထောင်တုံး၎တုံးမှာ ကျနော်တို့ အလုပ်ရှိပါတယ် ၊Inventory Control တို့POS
တို့ကအစ Atandence System, Salary System, နဲ့ Employee Inf: Systemတို့ လို Finance နဲ့HR အတွက်သုံးရတဲ့ internal systemတွေအဆုံး သည် ထဲမှာပဲရှိတာပါ။
           ခုနောက်ပိုင်းSAAS ဖြစ်လာမယ်ဆိုရင်လည်း သည်ထဲကပြေးမလွတ်သေးပါဘူး ၊ ဒါကိုပဲပြောပြချင်တာပါ ၊IRနဲ့DAကတော့ package တွေမှာ ပေါင်းပြီးပါနေတတ်ပါတယ် ။ ကျနော်တို့ PGM နဲ့DBအတွဲကနေ select,insert,update,delete လုပ်လို့ရတာတွေကိုဆိုလိုချင်တာပါ၊နောက်ပြီးတော့reporting,printingတွေလည်းအပါအ၀င်ပေါ့။
3.  Marketing Information Management Model
Fig4.1
           Marketing သီးသန့်အတွက် model ကတော့ သည်လိုရှိပါတယ် စိတ်ဝင်စားရင်တော့ လေ့လာနိုင်ပါတယ်။

           အမှန်အတိုင်းပြောရရင် ကျနော့်ကျောင်းအတွက်စာဖတ်ရင်းလိုအပ်လို့စုထားတဲ့ Dataတွေပါ ၊ ခုလိုစုစည်းပြီးမြန်မာလိုပြန်ရေးဖြစ်တာကတော့ ခင်ဗျားတို့ကို Share ချင်လို့ပါ ။ ကျနော်ကိုယ်တိုင်လည်း codingလာရေးခိုင်းရင် ဘာလဲ ။ဘယ်မှာသုံးမှာလဲ ဘာပိုကောင်းလို့လဲအစရှိသဖြင့်မေးလေ့ရှိပါတယ် ။ပြီးတော့ ရော့ ဒါက input ဟောဒါကလိုချင်တဲ့ output ဆိုတဲ့အဆင့်နဲ့တင် ရပ်မနေချင်ပါဘူး။ ပိုသိချင်ပါတယ် ၊            technical know-how အရေးကြီးသလို ဘာကြောင့်ရေးမှန်းမသိ ဘာကြောင့် ဘယ်လိုပြောင်းလဲလာမှန်းမသိ တခုခုပြောင်းပြီ ဆိုအသေအကျေ လိုက်လုပ်နရတာမျိုးထက်စာရင် ကိုယ်လုပ်နေတဲ့အလုပ်ကို ဘယ်sector မှာရှိလည်း ဘယ် firm မှာသုံးမှာလဲ ဘာ purposeလည်း ဘာကိုcoverဖြစ်သွားပြီး ဘာကcritical ဖြစ်သလဲဆိုတာသိချင်တာလည်းပါပါတယ်။ အဲ ကျနော်ခင်တဲ့ ခင်ဗျားတို့ကိုလည်း သိစေချင်ပါတယ် ခင်ဗျားတို့ စိတ်ပါဝင်စားမယ်ဆိုရင်ပေါ့။

Min Zarni
Team-3
Myanmar DCR

No comments:

Post a Comment