Thursday, January 6, 2011

Economic Growth , Economic Downturn(recession)and business strategies according to them

Economic Cycleမှာ uprising နဲ့ downturnတလှည့်စီဖြစ်ပေါ်နေလေ့ရှိပါတယ်..
စီးပွားတက်တာနဲ့စီးပွားပျက်တာပေါ့... ကျနော်တို့ ပုံသေအားဖြင့် မှတ်ထားကြတာက......စီးပွားတက်ရင်လုပ်ငန်းတိုးချဲ့ရင်းနှီးမယ် downturnရောက်ရင် cost ကိုလျော့ဖို့labour sizeကိုလျှော့မယ် အစရှိသဖြင့်ပေါ့လေ....

သို့သော်ပြောင်းပြန်တုန့်ပြန်မှုတွေလည်းရှိနေတတ်ပါသေးတယ်....
Economic Downturnဆိုပါစို့ ...labour force ကိုထိမယ့်အစား Outsourcing(Offshoring)ကိုသုံးတယ်... ပိုထွက်လာမယ့် အမြတ်အစွန်းကို လက်ရှိlabourကိုထိန်းထားဖို့သုံးမယ်ပေါ့ ...
train လုပ်ပြီးသား အသားကျပြီးသားဝန်ထမ်းကို မတတ်သာလို့ထုတ်ပစ်ရတယ်ဆိုတာ တကယ်ကအင်မတန်နှမြောဖို့ကောင်းပါတယ်...
စီးပွားပြန်ကောင်းလာလို့ အပြိုင်အဆိုင်ကျဲရတော့မယ့်အချိန်မျိုးမှာ လူမလောက်လို့ အကောင်းဆုံးသော အခွင့်အရေးတွေလက်လွှတ်ရမှာကိုလည်း စိုးရိမ်ရသေးတယ်မဟုတ်လား..
ဒါကြောင့် SMEsတွေဟာ offshoring ကို အလေးထားကြရပါတယ်..
ကိုယ်တိုင်မလုပ်ဘဲ အပြင်ကိုထုတ်ပြီးခိုင်းရတာမှာ quality assuranceကအင်မတန်အရေးကြီးပြီး မထုတ်ဘဲချန်ထားတဲ့ local employeesတွေက quality assuranceတာဝန်ကိုယူကြရပါတယ်....
Cost benifitဖြစ်တယ်ဆိုတဲ့တချက်တည်းနဲ့ outsourcingနဲ့ဖြေရှင်းတာဟာ ရေရှည်အတွက်တော့ သိပ်မကောင်းတတ်ဘူးလို့ လေ့လာသူတွေကဆိုပါတယ်....
လစာနည်းနိုင်ငံခြားတိုင်းပြည်တွေမှာ labour turnoverသိပ်များလို့ပါပဲ...
Gartner ရဲ့အဆိုအရတော့ 70%အထိ employee turnoverဖြစ်တတ်တယ်ဆိုတာပါပဲ...
အဖြေကတော့ရှင်းပါတယ် ...အလုပ်သင်အနေနဲ့ဝင်တယ် ..companyကပေးတဲ့ trainingကိုယူတယ် အချိန်အတိုင်းအတာတခုအထိ လုပ်တယ် ...(အလုပ်တခုဟာ သင်ယူတတ်မြောက်ဖို့ ကျွမ်းကျင်ဝန်ထမ်းဖြစ်ဖို့ အချိန်၃နှစ်ပဲ ဆိုတဲ့ ၀န်ထမ်းတွေဘက်က အယူအဆ theoryကလည်းရှိသေးတယ်မဟုတ်လား)
နောက်ပိုင်းမှာ ပိုသာမယ့်နေရာကိုသွားကြတယ် ..လစာ အတွေ့အကြုံနဲ့ အခွင့်အလမ်း ပိုများမယ့်နေရာကိုပေါ့ ...next stepလို့ ကြွေးကျော်လေ့ရှိတဲ့ အရာပါ..
အဲ့သည့် ထွက်တဲ့၇၀% ရဲ့ ၇၀%လောက်ကလည်း ပိုကောင်းတဲ့အလုပ်ကိုရရှိသွားတတ်တယ်လို့ စစ်တမ်းတွေကပြောပါတယ်...
ဒါဆို Outsourcing(Offshoring)ဟာ ရေရှည် စီမံကိန်းအနေနဲ့သုံးမရတာသေချာသလောက်ပေါ့...business sectorအလိုက်ကွဲပြားမှုရှိနိုင်ပေမယ့်  Short/medium term strategy လို့ဆိုနိုင်ပါတယ်
စီးပွားကျတဲ့အချိန် recessionမှာ နိုင်ငံကြီးတွေမှာ အလုပ်လက်မဲ့တွေမှိုလိုပေါပေမယ့် လစာနည်းနိုင်ငံတွေမှာတော့ job opportunitiesတွေ တက်လာပါတယ်....

ဒါဆို Economic Growthမှာရော...
ဟုတ်ကဲ့...ပြောင်းပြန်ပါခင်ဗျာ....foreign investmentကိုစွန့်စား ရင်းနှီးမြှုပ်နှံကြတဲ့ organizationတွေလည်းရှိသလို
local businessကိုfocusလုပ်တဲ့သူတွေက ပိုများတတ်ပါတယ် ...၀ယ်လိုအားတက်လာတာနဲ့အတူ local competitionကလည်း red ocean strategyဖြစ်လာပါတော့တယ် ...ဘာမဆို သည်လိုအချိန်မှာ မြန်နိုင်သမျှမြန်လေကောင်းလေပဲမဟုတ်လား..
SMEsတွေက ပုံမှန်အားဖြင့် တုန့်ပြန်မှုနှေးကွေးတတ်တဲ့ industry giantsတွေကိုမထင်ထားတဲ့ဒေါင့်တွေကနေ တိုက်ခိုက်တတ်ပါတယ်..အဲ...start-upsတွေကနေgrowthဖြစ်တတ်တဲ့ အချိန်လို့လည်း စစ်တမ်းတွေကပြောတယ်.....
ကျနော်တို့ IT sector အနေနဲ့ဆို သည်အနေအထားမျိုးမှာ customer(consumer)ဘက်ကလေသံမာနိုင်တာတခုက
မြန်ချင်တယ် qualityကောင်းချင်တယ် ...costကအရေးမကြီးဘူး securityကောင်းချင်တယ်...(စီးပွားတက်နေတယ်မလား..ဘာမဆိုမြန်ဖို့လိုနေတဲ့ကာလမှာ သူတို့လည်း သူတို့အပ်တဲ့ projectကိုမြန်မြန်သုံးချင်မှာပဲလေ..)

အဲ့သည်မှာ offshoringတွေ outsourcingတွေလာပြောလို့လက်မခံတော့ပါဘူး.... IT Vendorတွေ သည်အချိန်မှာ offshoringကိုင်းဖျားကိုင်းနားတွေကိုရှင်းပစ်တတ်ကြပါတယ် ..အရည်အသွေးမြင့်core employeeကိုပဲ localကိုခေါ်ဆောင်လာပြီးဆက်လက်တာဝန်ထမ်းဆောင်စေပါတယ်....
အဖွဲ့အစည်းအတွင်းမှာလည်း delayering, downsizingတွေလုပ်ပြီး responseမြန်နိုင်သလောက်မြန်အောင်လုပ်ဆောင်လာကြပါတယ်..

အူကြောင်ကြောင်လုပ်နေတဲ့သူတွေ ဘေးထိုင်ဘုပြောတတ်တဲ့ဝန်ထမ်းတွေ အလုပ်ပြုတ်တတ်တဲ့ကာလပါ...
အလုပ်ထုတ်တယ်လို့ အလွယ်နားလည်ထားကြပေမယ့် သည်နေရာမှာ HR Wizardတွေတီထွင်ထားတဲ့ employee layoff, contract terminationအစရှိတဲ့ စကားလုံးလှလှလေးတွေ သုံးတတ်ကြပါတယ်...
firing/ hiringက၁၉ရာစုလောက်မှာကျန်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်...

business cycleကိုပညာရှင်တွေကတော့ အမျိုးမျိုးပြဌာန်း ကြတာပဲဗျ...၁၉၂၀ကစပြီး လေ့လာတွေ့ရှိခဲ့တဲ့ Joseph Kitchinရဲ့ Kitchin cycleကရှေးအကျဆုံးလို့ပြောလို့ရပါတယ်...
ကျနော်လည်းသေချာမသိဘူးဗျ မျက်စိလည်ကုန်မယ့် မူကွဲ modelတွေလည်းတပုံကြီးရှိသေးတယ်....
၂၀၀၈စီးပွားပျက်ကပ်ဆို မဖြစ်သင့်ဘဲဖြစ်သွားတယ်လို့ ယူဆတဲ့ပညာရှင်တွေ အတော်များခဲ့တယ်မဟုတ်လား..
accountantsတွေstatisticsသမားတွေ ခန့်မှန်းတာတွေမဖြစ်လာခဲ့လို့ ပိန်းလို့ ပြောပါတယ်..
(ကျနော်နဲ့ဘယ်တော့မှ တည့်တဲ့ အကောင့်တန့်တွေကို အငြိုးနဲ့ ကြုံတုန်းဆော်တာမဟုတ်ပါ.. စကားစပ်လို့ပါ)
တကယ်တော့သူတို့တွေအင်မတန်တော်လို့လည်း downturnတွေကနေ uprisingတွေကိုတလှည့်ပြန်လည်စေတာပဲမဟုတ်ပါလား...(သည်လိုလည်း ပြန်ပင့်ပေးဦးမှ..)

ဘာပဲပြောပြော ကျနော်ကတော့ downturnမှာ ဘယ်မှမသွားရဘဲ လခနည်းနည်းနဲ့ အသေအလုပ်ရှုပ်ရမှာကိုလန့်ပြီး uprisingဆို အလုပ်ပြုတ်မှာကို လန့်တယ်ဗျာ... ကဲ ခင်ဗျားကော ဘယ်လိုတုန်း...



(မှတ်ချက် သည်စာစုကို စကားကြီး-၁၀မျိုးတွင်မပါဝင်သော ခုဖက်နမ်းလိုက် .ခု ပါးထချလိုက် စကားပြောနည်း စကားပြေဖြင့် ရေးသားထားကြောင်း ၀န်ခံပါသည်..)

No comments:

Post a Comment