Thursday, December 30, 2010

Outsourcing & Offshoring



တကယ်ကသည်အကြောင်းကိုရေးဖြစ်သင့်တာကြာပြီ...
အပျင်းထူနေတာရော..တခြားထမင်းကျွေးတဲ့အလုပ်နဲ့ဆိုင်တာတွေဖတ်ဖြစ်နေတာကများနေတာ
ရောကြောင့်ပါ...
ခုတလောOutsourcingနဲ့ပါတ်သတ်တဲ့အသံတွေကျယ်ကျယ်လောင်လောင်ပြန်ကြားနေရတာကြောင့် ရယ်ရေးဖြစ်သွားတယ်ထင်ပါတယ်..

Marketing Mgmt; Asian Perspective 5th ထဲမှာလည်း outsourcingအကြောင်းတွေပါတယ်ဗျ... case studyပုံစံမျိုးတွေ ပေမယ့် outsourcing ဟာbusiness မှာဘယ်လောက်အရေးပါတယ်ဆိုတာ မီးမောင်းထိုးတားသလိုပါပဲ...


အဲ့သည့်Outsourcingကို သရုပ်ခွဲကြည့်ရအောင်..

1.1 Definition
လွယ်လွယ်ပြောရရင် အဖွဲ့အစည်းတခုခုက သူတို့ရဲ့ business functionတစိတ်တပိုင်းကို အပြင်ကိုအငှားချပြီး လုပ်ခိုင်းတယ်ပေါ့ဗျာ...ကိုယ်တိုင်ဆော်မယ့် business functionကိုတော့ inhouse လို့သုံးပြီး အပြင်ထုတ်အငှားချတာကိုတော့ outsourceလို့သုံးစွဲကြပါတယ်..
သည်နေရာမှာတင် outsourcing ကို၂မျိုးခွဲလို့ရသွားတယ်...

1.1.1 Hiring
ကာလတခုသတ်မှတ်ပြီး သက်ဆိုင်ရာ professionalတွေကိုစာချုပ်နဲ့ငှားပြီး ကိုယ့်အလုပ်ခွင်ကို လာရောက်လုပ်ကိုင်စေခြင်း နဲ့
1.1.2 Contracting
သက်ဆိုင်ရာ professional တွေရှိတဲ့ အဖွဲ့အစည်းကို အလုပ်အပ်ခြင်းတို့ပါပဲ...

အလုပ်အမျိုးအစား.. securityနဲ့ အချိန်သတ်မှတ်ချက် management & policy ဒါတွေကိုလိုက်ပြီး သည်၂နည်းကနေသင့်တော်ရာသုံးနေကြတာပါပဲ....

1.2 Offshoring
Outsourcing အကြောင်းပြောရင် offshoring အကြောင်းက ချန်ထားခဲ့လို့မရစကောင်းဘူးဗျ...
သူလည်း outsourcingတမျိုးပဲလေ... နိုင်ငံခြားကိုoutsourceလုပ်လိုက်ရင် ဒါဟာ offshoringပဲလို့ အလွယ်တကူခေါ်နိုင်ပါတယ်...(နောက်ပိုင်းမှာoutsourcingတော်တော်များများက offshoringတွေဖြစ်နေတတ်တယ်ဗျ)

2.1 Why Outsourced?Why Offshore?
အကြောင်းပြချက်မျိုးစုံရှိပေမယ့်  အပြောအများဆုံးကတော့ cost ကိစ္စပဲ....နောက် specialized skills နောက်ဆုံးတခုကတော့ competitive advantage...

cost : Nike - အမေရိကားမှာစက်ရုံတည်ပြီးထုတ်ရင်ကုန်ကျမယ့်စရိတ်ထက် ၈ဆလောက်သက်သာမယ့် indonesiaမှာ စက်ရုံတယ်တယ် labourကို indonesiaလုပ်သားတွေသုံးတယ်ပေါ့ဗျာ...

specialized skills : - Ferrariက အကောင်းစားcar dashboard leatherတွေကို ကိုယ်တိုင်ထုတ်တယ်ထင်လို့လား..ပထမတန်းစား leather makerတွေဆီကိုလိုချင်တဲ့ ဒီဇိုင်း အတိုင်းအထွာပေးပြီးအပ်တယ်ဗျ... အကြောင်းပြချက်ကတော့ရှင်းတယ်လေ... ကိုယ်တိုင်ထုတ်ဖို့ အဲ့လောက်အဆင့် professionalငှားရမယ်...စက်ရုံဆောက်ရမယ် နောက်လုံလောက်တဲ့ R&D လည်ပတ်မှုရှိရမယ်...ရှုပ်တယ်..အငှားချလိုက်တာအေးတယ် ... ကားတစီးလုံးရောင်းရတဲ့ငွေမှာ dashboardတခုကဘယ်လောက်မှ contributeမလုပ်ဘူးလေ... ပိုအရေးကြီးမယ့် အင်ဂျင်လိုနေရာမျိုးမှာပဲ အားစိုက်တော့မှာပေါ့

competitive advantage : ဒါကတော့ firm အသေးလေးတွေက market leader တွေကိုပြန်ဆော်တဲ့နေရာမှာသုံးတတ်ကြတာပါ... companyသေးသေးလေး..လူနည်းနည်းလေး... အဲ projectကြီးကြီးကို အချိန်တိုတိုအတွင်းမှာ မြန်မြန်ပြီးအောင်လုပ်ပြီးlaunch လုပ်ချင်တယ် ဈေးကွက်လက်ဦးမှုရချင်တယ်...ဘာလုပ်မလဲ….ရှင်းပါတယ် ...အရေးကြီးတဲ့coreအပိုင်းတွေကိုပဲကိုယ်တိုင်ရေး ကျန်တာက ဘ၀တူ IT companyတွေကို outsourceလုပ်ချလိုက်ပေါ့...
(project scheduleတွေကျပ်တယ် ဆိုတာမကြာခနကြားရပါတယ်... ဟုတ်ကဲ့ကျပ်မှာပါပဲ... time is money လေ မဟုတ်ဘူးလား..)

Dellကလည်းအဲ့လိုလုပ်ဖူးတဲ့ အစဉ်အလာနဲ့နာမည်ကြီးတယ်... မြေကွက်ကြီးတကွက်ဝယ် Hardware makerတွေကို အဲ့မြေမှာ နဲ့စက်ရုံလာဆောက်ခိုင်း (အနီးကပ်နေတယ်ဆိုတာ ပိုပြီး project timing အရsolidဖြစ်အောင်လို့ပါ)...ပြီးတော့မှ သူဘာလုပ်လဲဆို PC designတွေဆွဲတယ်... makersတွေကို အပ်တယ် ပြီးရင် သူ assembly ပဲထိုင်လုပ်နေတော့တယ်...(ကြုံလို့ပြောရရင် Dellကဘယ်တော့မှ အကောင်းဆုံး hi-end ဆိုတာမျိုးမလုပ်ဘူးproduct line တွေမှာ seriesတွေဆွဲပြီး customization serviceပေးတယ်.. နောက်သူက channelကိုအားမကိုးဘူး..)
volkswagenလည်းသည်လိုလုပ်တဲ့နေရာမှာ အင်မတန်တော်ကြောင်းနာမည်ထွက်ပါတယ်...

လေယာဉ်ပျံတခုရဲ့ အစိတ်အပိုင်းတွေအားလုံးကို နိုင်ငံပေါင်းအခု၂၀ကျော်က companyပေါင်း၁၀၀လောက်က ထုတ်ပြီး airbus, Boeingတို့လို makerတွေက ဆင်ယုံပဲဆင်ယူကြတယ်လို့ဖတ်ဖူးပါတယ်..တကယ်တော့ အားလုံးကoutsourceလုပ်နေကြတာ ချည်းပဲမဟုတ်လား...(အိပ်ယာထနောက်ကျလို့ ထမင်းဘူးမထည့်နိုင်တဲ့နေ့မျိုးမှာ "i've outsourced my lunch today"လို့ ကျနော် ကြွေးကျော်လေ့ရှိပါတယ်...)

အဲ့သည်မှာ offshoreရဲ့အခန်းကပါလာပြီ... (Dell နဲ့ပြောင်းပြန်ပါ) solidity အတွက် နီးနီးနေမှကောင်းမယ် ဆိုတဲ့ theoryရှိသလို get lean and cut the cost down .. ဆိုတဲ့theoryလည်းရှိတယ်...
အာရှအရှေ့ဖျားက G-7တိုင်းပြည်တခုက သူတို့ဆီမှာ IT pro တယောက်ကို US 2000နဲ့အထက်လစာ ပေးရမယ်ဆိုတော့ သူတို့ projectတွေကို အရှေ့တောင်အာရှက ကြယ်ပုံပါတဲ့၃ရောင်ချယ် အလံနဲ့ တိုင်းပြည်အသစ်ကလေးမှာ companyခွဲဖွင့်ပြီး offshore လုပ်ချပစ်လိုက်တာပေါ့(...cut the cost down)
သူတို့ဆီမှာတော့ local partnerတွေဆီက outsourcedတွေ contract-hiringတွေကိုထမ်းဆောင်ဖို့ ITproနဲ့ managementလူနည်းစုတွေသာနေကြတယ်ပေါ့(get lean)  ရှင်းပါတယ်နော်..

outsourcing, offshoringကိုမကောင်းဘူးလို့ ဝေဖန်ချင်တာမဟုတ်ပါဘူး.. သူ့ရဲ့ သရုပ်မှန်ကိုပဲပြောပြချင်တာပါ...outsourcing ကကျနော်အပါအ၀င်ခင်ဗျားတို့ကို အလုပ်ပေးထားတဲ့ business modelတခုပဲလေ..ကမ္ဘာအရပ်ရပ်မှာလည်းသည်လိုပါပဲ...အဲ့ဒါကြီးသာမထွန်းကားခဲ့ရင် အလုပ်လက်မဲ့တွေပေါလိုက်ကြမယ့်ဖြစ်ခြင်း..

3.1 Behind the Scene(offshoring)
တကယ့်အချက်အချာကျတဲ့အချက်ကခုမှလာမှာပါ... business model တခုလုံးရဲ့ အနှစ်သာရက အဲ့သည်မှာရှိနေပါတယ်တကယ်တော့ နိုင်ငံခြားသွားအလုပ်လုပ်တာထက် ကိုယ့်အလုပ်ကို နိုင်ငံခြားကိုအပ်ရတာ ပိုriskများတဲ့အလုပ်ပါ... offshoringမှာ သည်အချက်၃ချက် ကအမြဲတမ်း စိန်ခေါ်နေပါတယ်..
3.1.1 Language barriers,
3.1.2 cultural barriers and
3.1.3 timezone challenges
ဒါတွေကိုဘယ်လို ကျော်လွှားမလဲဆိုတာက အဖြေပါပဲ..
ဘာသာစကား - သင်ရင်တတ်တာပဲ သင်ပေးလိုက်ပေါ့ ...နော့်...(ကောင်းမွန်တဲ့ education systemတခုတော့ လိုတယ်ဗျ... စနစ်ကျပြီး ကျစ်လစ်မှုရှိရပါမယ်. hidden costလို့ တင်စားလေ့ရှိကြပါတယ်..)

cultural barriers - မတတ်နိုင်ဘူးလေ.. social culture, common norms, shared values ကြိုက်သလိုခေါ် .. ပြောင်းလဲဖို့တော့ခက်တယ်... အစကတည်းက cultural proximityရှိတဲ့နေရာ ရှာထားပေါ့...  (သည် cultural barriersကိုကျော်လွှားဖို့အတွက် offshoring typesတွေထပ်ခွဲရတာကို အောက်မှာ အသေးစိတ်ပြောပါမည်...)
timezone challenges -... ရုံးချုပ်အိပ်တဲ့အချိန် ရုံးခွဲကအလုပ်လုပ် နေရတာမျိုး.. ရုံးခွဲ ရုံးဆင်းပြီးမှရုံးချုပ်က procedure အသစ်ချမှတ်ရတာမျိုး..

3.2 Sub-types of offshoring
offshoringတွေကို အမျိုးအစားခွဲရရင်
3.2.1 Nearshoring
3.2.2 Farshoring
3.2.3 Multishoring
ဆိုပြီးတွေ့ရမယ်ဗျ..
Nearshoringကတော့ စောစောကပြောတဲ့ cultural barriers, timezone challengesအတွက်ပါပဲ....india software firmsတွေက သူတို့အမျိုးတွေပေါတဲ့ malaysia, indonesiaတွေကို outsoruce လုပ်တတ်ကြပါတယ်..

Farshoringဆိုရင်တော့ Nikeကိုပဲပြန်ပြောရမှာပေါ့. cost orientative offshoringပါ...

Multishoringမှာတော့ ၂မျိုးဖြစ်နိုင်တယ်ဗျ....လေယာဉ်ပျံဥပမာလိုလည်းရှိသလို တဆင့်ခံ offshoringလည်းဖြစ်နိုင်လို့ပါပဲ...နားရှုပ်သွားပြီထင်တယ် ..သည်လိုဗျ ...တဆင့်ခံoffshoringဆိုတာက
အရှေ့ဖျားကတိုင်းပြည်ကနေ ပေါက်ဖော်တိုင်းပြည်ကို outsource လုပ်ချလိုက်တဲ့ project ကို အဲ့သည့်ပေါက်ဖော်တိုင်းပြည်ကလူကြီးမင်းများကoverallspecificationလောက်ပဲရေးပြီးဟိုနိုင်ငံအသစ်ကလေးကို တဆင့် outsourceလုပ်ချလိုက်တာမျိုးပါ..ကြုံဖူးမယ်ဟုတ် ??
labour, employabilityအရတော့ အောက်ဆုံးကအများဆုံးဖြစ်ပြီး အကျိုးအမြတ်အချိုးမှာတော့ အပေါ်ဆုံးက အမြတ်ဆုံးဖြစ်တယ်ဆိုတာတွေ့ရပါတယ်..

သည်နေရာမှာ partnership, joint-venture, M&Aအဲ့ဒါတွေအများကြီး ပါဝင်ပတ်သတ်နေတယ်ဗျ...contract-based ရိုးရိုးလေးတော့မဟုတ်တာသေချာတယ်..တခါတခါ risk managementအတွက်ဆိုပြီး ၂နေရာ၃နေရာ ခွဲပြီးoutsource လုပ်တတ်ကြတယ်...
Elance, Guru, Rentacoder, LimeExchange ဆိုတာတွေက နာမည်ကျော် online offshoring sitesတွေပါ... (softwareရေးတဲ့လူတွေ ငှားလို့ရတယ် ဈေးကတော့ အစားစားပဲ…)
4.1 Pros and Cons
outsourcingဟာGlobalizationပြယုဂ်တခုဆိုတာတော့ငြင်းလို့မရဘူး...freelancers တွေ SME local companiesတွေအတွက်အလုပ်အကိုင်အခွင့်အလမ်းကောင်းလည်းဟုတ်ပါတယ်..
ရင်းနှီးမြှုပ်နှံတဲ့ဘက်အတွက်လည်း အကျိုးအမြတ်ပိုကြီးနိုင်ပါတယ်..သို့သော် အမြဲတမ်းအောင်မြင်မယ် လို့တော့မဆိုနိုင်ပြန်ဘူးဗျ....
နာမည်ကျော် Gartnerအဆိုအရဆိုရင် offshoreကြောင့် cost cut down ကို 70%အထိ လုပ်နိုင်ပါတယ်တဲ့...သို့သော် အဲ့70%ထဲက 20%က risk & barriersတွေအတွက်ပြန်သုံးရတယ် .. ပိုနိုင်ပါသေးတယ်တဲ့..Quality, Cost နဲ့ Time ကို မျှအောင်ကိုင်နိုင်ဖို့ဆိုတာ မလွယ်ဘူးမဟုတ်လား...
harmonyရဖို့တော်တော်ခက်မယ့်ကိစ္စပါ...နောက် HRပိုင်းဖြစ်နေတော့ လူကိုထိန်းရတာ ပိုခက်တယ်မဟုတ်လား..တခါတလေမှာ ရှုံးတတ်သေးတယ်ဗျ..experienced labourတွေထွက်ကုန်လို့ လူသစ်ထပ်မွေးရတဲ့အခါမျိုး ...
trainလုပ်ပေမယ့် ထင်သလောက် တက်မလာတဲ့အခါအပိုဆောင်းအချိန်ပေးဆပ်ရတာမျိုး...
အမျိုးမျိုးပဲ...

5.1 Offshoring and information flow
နောက်တခုက information handoverကိစ္စပါ ...ကိုယ်လိုချင်တာကို သိအောင်နားလည်အောင်ဘယ်လိုရှင်းလင်းပြောကြားနိုင်မလဲနောက်တချက်ကဘယ်level အထိdetail informationပေးမလဲဆိုတာမျိုးပါ..
(level of details) Transparency VS Securityပေါ့
၁၀လပိုင်းတုန်းကတွေ့ခဲ့ရတဲ့ လေးစားစရာကောင်းတဲ့ bossတယောက်ပြောဖူးတာလေးပါ..
သူတို့လူမျိုး mgmt level က သူတို့ ဘာသာစကားနဲ့ ကျနော်တို့ကို ရာနှုန်းပြည့်နားလည်အောင် ရှင်းပြလို့မရနိုင်တဲ့အခါမျိုးတွေရှိပါတယ်အဲ့သည့်အခါ english ကို ကြားခံအဖြစ်အသုံးပြုဖို့အတွက် သူတို့လူမျိုး mgmtရဲ့ english skillကအရေးပါပါတယ်တဲ့..

ဘာပဲပြောပြော business mgmt ကို စိတ်ဝင်စားရင်တော့လေ့လာပေါ့ဗျာ... ကျနော်ကတော့ဖတ်လိုက် မေ့လိုက် အသစ်တက်လိုက် အဟောင်းသတိမရလိုက်နဲ့  လုံးလည်ချာလည်ကိုလိုက်နေတော့တာပဲ....
ငယ်ငယ်က englishစာသင်သလိုဖြစ်နေတယ်ထင်တာပဲ... စာလုံး အသစ်တွေ့လိုက် highlightတားလိုက်..နောက်ဆုံးစာအုပ်ဆုံးသွားလို့ တအုပ်လုံး ရဲရဲတောက်သွားတာပဲအဖတ်တင်တယ်.. အစကပြန်ကျက်ရတော့တာပဲ ဟားဟား...

6.1 ပေါက်ကရများ
ဘယ်သူ့ကိုမှ/ဘာကိုမှမရည်ရွယ်ပါဘူး ...ကျနော်တို့လောကမှာဖြစ်တတ်တဲ့ဟာသလေးနဲ့ပဲ သည်စာကို အဆုံးသတ်ချင်ပါတယ်... information မကောင်းရင် offshoring project တခုကသည်လိုဖြစ်သွားဖို့များတယ်မဟုတ်လား..

တခါတလေမှာ codingရေးရတာ I love you မသုံးဘဲရည်းစားစကားပြောရသလိုပဲမဟုတ်လား..
အင်မတန်လက်ပေါက်ကပ်တဲ့ကိစ္စ ..အဲ့တော့ ကျနော် မလုပ်တော့ဘူး ….;P


7.1 ကြော်ညာ
SAASအင်မတန်အားကောင်းလာပြီးအလုပ်အကိုင်အသစ်တွေပိုပေါလာရင်တော့အားလုံးအတွက်ပိုကောင်းတာပေါ့ဗျာ...ကျနော်တို့လည်း အလုပ်တွေမနိုင်မနင်းရ ... localမှာoutsource ပြန်လုပ် ..bonusတွေရ ကားတွေဝယ်စီး ..ဟီးဟီး....

P.S GAAS(Girlfriend As A Service)ခေတ်ဘယ်တော့ရောက်မလဲမျှော်နေပါသည်...outsource လုပ်ချင်လို့ပါ.....

No comments:

Post a Comment