Tuesday, January 11, 2011

Freebie Marketing (or) Razor and Blades business model

 ပင်မအသုံးချပစ္စည်းတခုကို အလကားပေးပစ်ခြင်းဖြင့်သော်လည်းကောင်း အင်မတန်နည်းပါးတဲ့ဈေးနဲ့ရောင်းချပေး၍သော်လည်းကောင်း
ဆက်စပ်ပစ္စည်းတွေ တပုံတခေါင်းရောင်းရအောင်လုပ်တဲ့နည်းပါ..
Printerတွေကို ဈေးပေါပေါနဲ့လှိမ့်ရောင်းပြီး ink cartridgesတွေလိုက်ရောင်းရအောင်လုပ်တဲ့နေရာ..
Game Consolesတွေကို အောက်ကြေးနဲ့အစွံထုတ်ပြီး game softwareတွေလိုက်ရောင်းရအောင်လုပ်တဲ့နေရာတွေမှာသုံးပါတယ်...
loss leader marketingနဲ့ free sample marketingတို့ရဲ့မူကွဲလို့လည်းမှတ်နိုင်ပါတယ်....
(မူကွဲ ဒါမှမဟုတ်ဆင်တယ်လို့ ပြောခြင်းဟာ တကယ်တော့ မတူဘူးဆိုတာကိုကြိုတင်ဝန်ခံထားခြင်းမဟုတ်လား.....သည်တခုတော့ သတိပြုမိစေချင်ပါတယ်..)

King Camp Gilletteဆိုတဲ့ Gilletteဥက္ကဌကစတင်ခဲ့တဲ့ modelလို့ အပြောများကြပါတယ်....
သဘောတရားကတော့ ရှင်းရှင်းလေးပါ ..ဂျုပ်ကိုလက်ဆောင်ပေးပြီး ဒါးရောင်းစားတဲ့ modelပါပဲ....
သည်ကနေ့ထက်ထိအောင် gilletteကသည်ပုံစံအတိုင်းသွားနေတုန်းပါ.. အမေရိကားမှာနေတဲ့ဆယ်ကျော်သက်ကောင်လေးတယောက်ဟာသူ့ရဲ့ ၁၈နှစ်ပြည့်မွေးနေ့လက်ဆောင်အဖြစ် gilletteဆီကနေ razorsတွေလက်ဆောင်ရတတ်လို့ပါပဲ..
သည်လိုအချိုးမျိုးကို printer makerတွေလည်း လုပ်ခဲ့ကြတယ်လို့ မှတ်တမ်းတွေကပြောပါတယ်..မှင်နည်းနည်းပဲဖြည့်ထားတဲ့ entry level printerတွေကို ဈေးပေါပေါနဲ့လှိမ့်ရောင်းပြီး full cateridgeတွေလိုက်ရောင်းတဲ့နည်းပါ.....
(ပြိုင်ဆိုင်မှု တိုးတက်နှုန်းတွေပြင်းထန်လွန်းတဲ့ technology sectorထဲမှာတော့ သည်modelဟာ SAASဖွံ့ဖြိုးလာတာနဲ့အတူ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပါတယ်...)
FMCG firms တွေမှာတော့ လုပ်စားလို့ကောင်းနေဆဲပါ..
samplingနဲ့ အတူ တခြား သော value addedတွေပေါင်းထည့်လိုက်တဲ့အခါမှာ packageပုံစံ solutionပုံစံတွေဖြစ်သွားပြီး
ဝယ်သူတွေမျက်စိလည်ကုန်ပါတော့တယ်..
အခပေးရုပ်သံကုပ္ပဏီတွေဟာ ကျနော်တို့ကို ချစ်လွန်းလို့ စေတနာရှိလွန်းလို့ installation fees free !တို့ ဘယ်နှလ free watch
တို့ကို ပေးနေတာမဟုတ်ပါဘူး....အမြည်းကျွေးတာပါ... ကြိုက်သွားပြီ စွဲသွားပြီဆိုရင်တော့ သူတို့ဂွင်ထဲဝင်ပြီသာမှတ်ပေတော့
လစဉ်ကြေးတွေနဲ့ စာချုပ်မရပ်မချင်း တောက်လျောက်စားပေတော့ပဲ....အဲ့စာချုပ်ရပ်ဆိုင်းမယ်ဆိုလည်း စားသုံးသူဘက်က ကနဦးဝယ်ယူထားတဲ့ receiver ကို ငွေပြန်မအမ်းပေး... ရောင်းစားလို့လည်းမရ ဘယ်နားလွှင့်ပစ်ရမှန်းမသိတာနဲ့ပဲ
မထူးဇာတ်ခင်းကြရပါတော့တယ်.....
(စကားစပ် လို့ သည်နေရာမှာ Razors and Blades modelကို မန္တလေးက ထိုးမုန့်ဆိုင်တွေကသာ Gilletteထက်အရင် discoverဖြစ်ခဲ့တယ်လို့ပြောရင် ငြင်းမလား..)
သည်modelမှာ ပြဿနာရှာတဲ့အပိုင်းကတော့ လက်ဦးမှုရယူခြင်းနဲ့ လက်ဝါးကြီးအုပ်ခြင်းဆိုတဲ့ကိစ္စတွေပါပဲ....
the whole (segmented) marketကိုရှေ့ကသွားတဲ့ companyကသာ ခုလို လုပ်ထားခဲ့ရင် နောက်လူတွေအင်မတန်ဝင်ရခက်ပါတယ်...
(သူတို့ဆီမှာတော့ တရားစွဲကြတာတွေ ရှိဖူးတယ်...)monopoly ဖြစ်တယ် anti-competitionဖြစ်တယ် အစရှိသဖြင့်ပေါ့လေ....

Console Game Sectorထဲမှာ ဒါမျိုးဖြစ်ဖူးတာကို ဖတ်မိပါတယ်....
၁၉၈၀ကျော်ကာလတွေတုန်းကပေါ့..Atariဟာတကောင်တည်းပြေးနေတဲ့မြင်းဘ၀ကနေ သူ့programmerတွေအလုပ်ထွက်ပြီး Activisionဆိုပြီး တစင်ထောင်တဲ့အခါမှာ တရားစွဲပါတော့တယ် ...သူတို့ဆီက anti-monopoly rulesတွေအရ မအောင်မြင်ခဲ့လို့သာ
Activisionအသက်ဆက်ခွင့်ရခဲ့ပါတယ်...
(နောက်ပိုင်း game sectorထဲမှာလည်း 3rd Party developersတွေအားကောင်းလာပြီး monopolyကို ကြောက်စရာမလိုတော့တဲ့အခြေအနေကိုရောက်လာပါပြီ.... platform-based dominationတွေတော့ကြားရတုန်းပါ.....)

ထင်ရှားတဲ့ Freebie ဥပမာတခုကတော့ ချစ်ရတဲ့ Microsoft Corporationပါ.. သူ့ဘာသာသူအေးရာအေးကြောင်း web browserရောင်းစားနေတဲ့ netscape ကိုသတ်ဖို့ MSရဲ့ အောင်မြင်တဲ့ product -Windowsပေါ်မှာ
Internet Exprorer ကို FOCနဲ့ ထည့်ပေးလိုက်ပါတော့တယ်...Netscapeတရားစွဲပြီးနောက်ဆုံးမှာ အနိုင်ရသွားလို့ Microsoftကို ၂ခြမ်းခွဲပေးလိုက်ရပါတော့တယ်..(OS developing Unit နဲ့ Other Software Componentsဆိုပြီးတော့ပေါ့)

အဲ့သည့်ခေတ်က search engine တွေခေတ်မစားသေးတော့ တကမ္ဘာလုံးက web browsingကိစ္စဟာ web browserပေါ်မှာပဲလုံးလုံးမီခိုရတာပါ ...(ကြော်ငြာတွေ ,pay-per-clickတွေ mails and other serviceတွေအနာဂါတ်မှာ ဖြစ်လာမယ့်web applicationsတွေအားလုံးပေါ့...)
ဘယ်လောက်ဝင်ငွေကောင်းမလဲဆိုတာ တွက်ဆလို့တောင်မရနိုင်ဘူး..အဲ့အခွင့်အရေးကိုမြင်တဲ့ Microsoft ဟာNetscapeကိုသတ်ပြီး market dominentလုပ်ချင်လို့ IE developing cost ကိုမကြည့်ဘဲ အလကားထည့်ပေးတာပါ..(အော် Bill Gatesရဲ့ စေတနာမေတ္တာတွေ....)
သူတို့ဆီက ပညာရှင်တွေက Microsoft ရဲ့ monopoly policyကို အရင်ကတည်းက သတိထားမိနေကြတာပါ...
(သည်ကိစ္စနဲ့ပုံစံတူမဟုတ်ပေမယ့် )ခုနောက်ပိုင်းအထိ spread sheet နဲ့ presentationတွေလုပ်ချင်ရင် MS Excel နဲ့ MS Powerpoint
အပြင် လောက်လောက်လားလားပြိုင်ဘက်ကောင်းထွက်မလာတာဟာ... အစောပိုင်းကာလတွေမှာ
Microsoftအနေနဲ့ ဘယ်လောက်တောင် ပြိုင်ဘက်ကိုသတ်ဖြတ်ခဲ့ပြီးပြီလဲဆိုတာ စဉ်းစားစရာပါ...
သည်ဘက်ခေတ်မှာတော့  browserတွေမျိုးစုံပေါ်လာပါပြီ....
လူတွေမှာလည်းရွေးစရာတွေ များလာပြီး သန်ရာသန်ရာဖက်တွယ်ကုန်ကြလို့
တချို့ဆို ဟိုနေ့ကပြောခဲ့တဲ့ Browser evangelistတောင်ဖြစ်ကုန်လို့ Firefox ကိုလာမထိနဲ့မီးပွင့်သွားမယ် ဆိုတာတွေအထိဖြစ်ကုန်ကြပါတယ်...
ကောင်းပါတယ် ...ဘာပဲဖြစ်ဖြစ် ကိုယ်နှစ်သက်တဲ့ဘက်ကနေdefense လုပ်ပေးရတာကောင်းတဲ့ကိစ္စဘဲမဟုတ်လား..
အဲ့ဒါမလုပ်ရင်သာ big playerကmonopolyလုပ်သွားမှာကြောက်ရတာ...
တကယ်တော့ monopolizeလုပ်ခံထိတာဆိုးတယ်ဗျ....
(ကိုယ်ကလုပ်ရရင်တော့ ကောင်းတာပေါ့နော့်....)
Applied Marketing logic အရတော့ အင်း... အချစ်ရေးမှာတော့ monopolyသာအကောင်းဆုံးသော solutionပါပဲ...
ဟုတ်တယ်မလား ...ကျနော်တို့လည်း newbie marketing (or)razers and blades marketingကို အဲ့ဘက်မှာသုံးကြရအောင်လား...
အမြည်းပေးမယ်ပေါ့.......
(မှတ်ချက် ဂေါ်မစွံ အပျိုကြီးများနှင့်အထူးသင့်တော်သောmodel ဖြစ်ကြောင်းကို ရာနှုန်းပြည့် အာမခံပါသည်...

No comments:

Post a Comment